ဒီရက်ပိုင်း ရုံးချိန်ကို အကျိုးရှိအောင် အသုံးချတဲ့အနေနဲ့ အားရင် အားသလို အသစ်တစ်ခုခုကို လေ့လာဖြစ်နေတယ်။ coding ရေးနေပေမယ့် design ပိုင်းကို ပိုအားသန်လာတယ်။ သူများလုပ်ထားတဲ့ design တွေကိုလေ့လာဖြစ်တာ ပိုများတယ်။ နောက် css ရေးတာတွေကို ဂရုစိုက်ဖြစ်လာတယ်။
ဒီရက်ပိုင်း ရုံးချိန်ကို အကျိုးရှိအောင် အသုံးချတဲ့အနေနဲ့ အားရင် အားသလို အသစ်တစ်ခုခုကို လေ့လာဖြစ်နေတယ်။ coding ရေးနေပေမယ့် design ပိုင်းကို ပိုအားသန်လာတယ်။ သူများလုပ်ထားတဲ့ design တွေကိုလေ့လာဖြစ်တာ ပိုများတယ်။ နောက် css ရေးတာတွေကို ဂရုစိုက်ဖြစ်လာတယ်။

ဖေမြင့် - ကိုယ်ထူးကိုယ်ချွန်သမားအတွက် လက်စွဲစကားများ
အသိတစ်ယောက်က စာအုပ်တွေ လာပေးထားလို့ ဒီရက်ပိုင်း ဖတ်လိုက်တဲ့စာအုပ်က စာရေးဆရာ ဖေမြင့်ရဲ့ ကိုယ်ထူးကိုယ်ချွန်သမားအတွက် လက်စွဲစကားများဆိုတဲ့ စာအုပ်လေးပါ။ ၆လက်မအရွယ် စာမျက်နှာ ၂၆၄ မျက်နှာပါတဲ့ ဒီစာအုပ်ထဲမှာ နာမည်ကြီး ပုဂ္ဂိုလ်တွေရဲ့ ပြောဆိုခဲ့တာတွေ တော်တော်မျာများပါပါတယ်။ နောက် ကဏ္ဏအလိုက် သီးခြားခွဲထားတော့ ဖတ်ရတာ တော်တော်လေးအဆင်ပြေတယ်။
လူတိုင်းလူတိုင်းမှာပင် စိတ်ကူးဉာဏ်ကွန့်မြူးနိုင်သော စွမ်းရည်ကိုယ်စီ ရှိကြ၏။ စိတ်ကူးကောင်းလေးများလဲ လူတော်တော်များများ၏ ခေါင်းထဲတွင်ရှိနေတတ်ကြ၏။ သို့သော် ထလုပ်ရဲသည့် သတ္တိမရှိသဖြင့် စိတ်ကူးမှ လက်တွေ့သို့ ဖြစ်မလာကြပေ။ စိတ်ကူးကို အကောင်အထည်မဖော်ရဲသဖြင့် မိမိစိတ်ကူးနှင့် သူတစ်ပါးလုပ်စားသွားတာ ထိုင်ကြည့်နေရသူတွေကား ဒုနဲ့ဒေးရှိချေသည်။
WordPress Theme အသစ်တစ်ခု ထပ်လိုက်ဖြစ်လိုက်တယ်။ အရင်အဟောင်းကို ပြန်သိမ်းပြီး လက်ရှိပီးထားတဲ့ အသစ်ကိုပဲ သုံးလိုက်တယ်။ စာဖတ်ဖို့ပဲ ဦးစားပေးထားတော့ အရောင်တွေလဲ တအားမသုံးဖြစ်ဘူး နောက်ပြီး minimalist style လေးဖြစ်အောင်လဲ လုပ်ထားလိုက်တယ်။
တစ်ရက်က Gymက အပြန်မှာ ဒီမှာရှိတဲ့ ဆရာတစ်ယောက်ရဲ့ သားလေး ဘောလုံးဆော့နေတာကို မြင်တော့ သူနဲ့ အတူတူ ကစားလိုက်သေးတယ်။ အဲ့ဒိကလေးက သုံးနှစ်ပြည့်ကာစလေးရှိသေးတယ်။ နောက် ဖုံးထုတ်ပြီး သူနဲ့ အတူတူ ဓါတ်ပုံရိုက်ပြီး အဲဒိကလေးဆီက ပြောလိုက်တဲ့ စကားကို ကြားတော့ တော်တော်အံ့သြသွားတယ်။ ကလေးပြောလိုက်တဲ့ စကားက ဒါပြီးရင် facebook ပေါ်တင်မှာလားတဲ့။
သူနဲ့ ခဏလောက်နေပြီး ညစာစားဖို့ လမ်းဘေးပလက်ဖောင်းမှာ ဖွင့်တဲ့ ဆိုင်တွေဘက် လမ်းဆက်လျှောက်ဖြစ်ခဲ့တယ်။ ထူးခြားမှုတစ်ခုတော့ မဟုတ်ပေမယ့် သတိထားမိတဲ့ အချက်တစ်ခုသွားတွေ့တယ်။ ထမင်းစား စားပွဲတွေမှာ အတွဲတွေ၊ သူငယ်ချင်း အုပ်စုလိုက်တွေ၊ မိသားစုတွေ တော်တော်များများ လက်ထဲမှာ ရှိတဲ့ blackberry, iphone, ipad တွေ ကိုယ်စီသုံးပြီး တစ်ယောက်နဲ့ တစ်ယောက် စကားမပြောကြတာ တွေ့ဖြစ်လိုက်တယ်။ ပြုံးမိတာ တစ်ခုက ကောင်လေးတစ်ယောက်က iphone နဲ့ facebook သုံးနေတာကို သူ့ကောင်မလေးက မေးထောက်ပြီး ထိုင်ကြည့်နေတာပဲ။
နည်းပညာတွေ တိုးတက်လာတယ်၊ ဆက်သွယ်မှုတွေ လွယ်ကူလာတယ် ဆိုပေမယ့် အခုအချိန်တွေမှာ online အသုံးပြုတာကို တတ်နိုင်သလောက် ရှောင်နိုင်ရင် ကောင်းမယ်လို့ ထင်မိတာပဲ။
Multi-Column ကို CSS အကြောင်းရေးတဲ့ ဆိုဒ်တွေမှာ တွေ့ဖူးတာတော့ကြာပြီ။ Multi-Column ဆိုတာက W3C အတည်မပြုရသေးတဲ့ CSS feature တစ်ခုပါ။ သတင်းစာတွေမှာ မြင်တွေ့နေရသလို စာတွေကို အလိုလျောက် ကော်လံခွဲပြီး အစီအစဉ်တကျ ဖေါ်ပြပေးသွားတာပါ။ နောက်ပိုင်း modern browser တွေဖြစ်တဲ့ firefox, chrome, opera, safari တို့မှာ prefix တွေသုံးပြီးရေးထားရင် browser က ကိုယ်သတ်မှတ်ပေးထားသလို စာတွေကို ကော်လံတွေခွဲပြီး ဖော်ပြပေးပါတယ်။

Multi-Column မှာ column-count, column-gap, column-rule ဆိုပြီး ရှိပါတယ်။
column ဘယ်နှစ်ခု ခွဲမယ်ဆိုတာကို ပြောပေးရတာပါ။ နှစ်ခု သုံးခုခွဲမယ်ဆိုရင် အောက်ကပုံစံအတိုင်းရေးပေးရပါတယ်။ အတည်မပြုရသေးတော့ prefix တွေထည့်ရေးရပါတယ်။ Firefox အတွက် -moz, Webkit engine တွေအတွက် -webkit
column-count: 2; -moz-column: 2; -webkit-column: 2;
ကော်လံ တစ်ခုနဲ့ တစ်ခုအကြား အကွာအဝေးကို ဘယ်လောက်ထားမယ်ဆိုတာကို သတ်မှတ်ပေးရပါတယ်။
column-gap: 20px; -moz-column-gap: 20px; -webkit-column: 20px;
ကော်လံတွေအကြားမှာ မျဉ်းကြောင်းဆွဲထားတာပါ။
column-rule: 1px solid #aaa; -moz-column-rule: 1px solid #aaa; -webkit-column-rule: 1px solid #aaa;
column-rule ကို အပေါ်ကလို မဟုတ်ပဲ တစ်ခုချင်း ထပ်ပြီး ပြန်ရေးချင်ရင် column-rule-width, column-rule-style, column-rule-color ဆိုပြီး ပြန်ရေးလို့ရပါတယ်။
Multi-Column ကို အတည်မပြုရသေးပေမယ့် အတည်ပြုခဲ့ပြီးရင်လဲ နောက်ပိုင်း web design မှာ တော်တော်လေး အသုံးများလာမယ့် သဘောရှိပါတယ်။ Multi-Column နဲ့ပါတ်သက်လို့ ဆက်ပြီး လေ့လာဖို့ အောက်မှာ Multi Column နဲ့ပါတ်သက်တဲ့ ဆိုဒ်တွေကို ညွှန်းလိုက်ပါတယ်။