ဖေမြင့် – ကိုယ်ထူးကိုယ်ချွန်သမားအတွက် လက်စွဲစကားများ

Written by

in

Pe Myint
ဖေမြင့် – ကိုယ်ထူးကိုယ်ချွန်သမားအတွက် လက်စွဲစကားများ

အသိတစ်ယောက်က စာအုပ်တွေ လာပေးထားလို့ ဒီရက်ပိုင်း ဖတ်လိုက်တဲ့စာအုပ်က စာရေးဆရာ ဖေမြင့်ရဲ့ ကိုယ်ထူးကိုယ်ချွန်သမားအတွက် လက်စွဲစကားများဆိုတဲ့ စာအုပ်လေးပါ။ ၆လက်မအရွယ် စာမျက်နှာ ၂၆၄ မျက်နှာပါတဲ့ ဒီစာအုပ်ထဲမှာ နာမည်ကြီး ပုဂ္ဂိုလ်တွေရဲ့ ပြောဆိုခဲ့တာတွေ တော်တော်မျာများပါပါတယ်။ နောက် ကဏ္ဏအလိုက် သီးခြားခွဲထားတော့ ဖတ်ရတာ တော်တော်လေးအဆင်ပြေတယ်။

လူတိုင်းလူတိုင်းမှာပင် စိတ်ကူးဉာဏ်ကွန့်မြူးနိုင်သော စွမ်းရည်ကိုယ်စီ ရှိကြ၏။ စိတ်ကူးကောင်းလေးများလဲ လူတော်တော်များများ၏ ခေါင်းထဲတွင်ရှိနေတတ်ကြ၏။ သို့သော် ထလုပ်ရဲသည့် သတ္တိမရှိသဖြင့် စိတ်ကူးမှ လက်တွေ့သို့ ဖြစ်မလာကြပေ။ စိတ်ကူးကို အကောင်အထည်မဖော်ရဲသဖြင့် မိမိစိတ်ကူးနှင့် သူတစ်ပါးလုပ်စားသွားတာ ထိုင်ကြည့်နေရသူတွေကား ဒုနဲ့ဒေးရှိချေသည်။

Comments

2 responses to “ဖေမြင့် – ကိုယ်ထူးကိုယ်ချွန်သမားအတွက် လက်စွဲစကားများ”

  1. NCH Avatar

    It is really a good book which can encourage and inspire us.

    1. Ko Phyo Avatar
      Ko Phyo

      yeah, ko NCH. It has lot of useful quotes and guides in the book.

      The book is just 1,500 Kyats which really cheap and worth to keep.