Blog

  • Move back to WordPress

    WordPress ပြန်ထည့်ပြီး အရင်ရေးထားတဲ့ CMS ကိုပြန်သိမ်းထားလိုက်တယ်။ မြန်မာလို မရေးရတာကြာပြီဆိုတော့ ရေးချင်စိတ်ရှိလာလို့ လုပ်ဖြစ်သွားတာလဲပါတယ်။ အရင် URL အဟောင်းတွေကို redirect ပြန်လုပ်လိုက်သေးတယ်။ Disqus က url migrate ပြီးတာနဲ့ ကောမန့်တွေ ပြန်ပေါ်လာမယ်ထင်တယ်။ အချိန်ရရင် ရသလို တွေ့သမျှ၊ ခေါင်းထဲမှာတွေးသမျှတွေ ဒီဘလော့ဂ်မှာပဲ မြန်မာလိုပဲ ရေးဖြစ်လိမ့်မယ်။

  • Doody Tooty Facebook App

    Doody Tooty က Facebook App တစ်ခုပါ။ Mood Weather တို့ My mood တို့လိုမျိုးပဲ ကိုယ်မှာဖြစ်နေတဲ့ စိတ်ခံစားချက်ဖြစ်ဖြစ်၊ လတ်တလော ဘာတွေလုပ်နေတာကို သင့်ရာပုံလေးတွေကို ရွေးပြီး Facebook မှာ update လုပ်လို့ရတဲ့ Application တစ်ခုပါ။ ကျွန်တော်ရေးပြီး ဇာတ်​ကောင်လေးတွေ နဲ့ ပုံတွေကတော့ ကျွန်တော့် အစ်ကိုဖြစ်သူ မျိုးဟန်ထွန်း ဆွဲထားတာပါ။

    the Beginning

    Facebook မှာ Weather Mood ကို သုံးဖြစ်တာတော့ ကြာပြီ။ ဒါပေမယ့် အသစ်တစ်ခုခုကို ရဖို့ နေ့တိုင်း ဝင်ကြည့်ရတာရယ်၊ တစ်ချို့ဆို credit နဲ့ ဝယ်ရတော့ စိတ်ထဲ သိပ်သဘောမကျဘူး။ အဲ့ဒါနဲ့ အစ်ကိုဖြစ်သူကို ပြောကြည့်တယ် အရုပ်ပုံလေးတွေ ဆွဲပေးနိုင်မလားဆိုတော့ သူကလဲ ရတယ်တဲ့။ သူ့ဆီက နမူနာ ပုံလေးအနည်းငယ်ရပြီး ရေးကြည့်တော့ နာရီပိုင်းလေးပဲ ကြာတယ်။ ရေးပြီးတော့ ပထမဆုံး hosting ပေါ်တင်၊ နောက်တော့ Facebook မှာ တင်လိုက်တယ်။ သိပ်မကြာဘူး သုံးတဲ့သူ တော်တော်များလာလို့ ထင်တယ်။ Facebook automatic spam detector က spam app ထင်ပြီး block လုပ်လိုက်တယ်။

    အဲဒါ့နဲ့ Facebook help center ကို ဆက်သွယ်ပြီး လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ပြီး spam app မဟုတ်တဲ့အကြောင်းရှင်းပြတော့မှ သူတို့ဆီက မေးလ်ပြန်ရတယ်။ အဲဒိမေးလ်ထဲမှာ Facebook က algorithm တစ်ချို့သုံးပြီး spam မဖြစ်အောင်လိုက် block နေတာသိလိုက်တယ်။

    New Design

    ပထမတော့ ရိုးရိုးရှင်းရှင်းဖြစ်တဲ့ Facebook style interface ပုံစံနဲ့ စခဲ့တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်က အစ်ကိုဖြစ်သူက ဒီဇိုင်းပြောင်းလိုက်တယ်။ အဲဒါနဲ့ အသစ်ပြန်ရေးပြီး improvement တစ်ချို့လုပ်ခဲ့တယ်။

    ပုံအသစ်တွေကိုလဲ  နေ့စဉ်တိုင်းတင်နိုင်အောင် ကြိုးစားနေပါတယ်။ Facebook မှာရှိတဲ့ သူငယ်ချင်းတွေကိုလဲ လက်တို့လိုက်ပါဦး။

    Facebook App: http://apps.facebook.com/doodytooty/

  • Smiley Myanmar

    Smiley Myanmar is a English – Myanmar dictionary and Zawgyi font installation app for BlackBerry smartphone devices. It comes with the font installer so that you can read Myanmar text written with Zawgyi in any apps like BBM, Facebook, Twitter, Browser, etc. It uses Ornagai Dictionary API (thanks to Htain Linn Shwe) to get dictionary data through internet connection (wi-fi or BIS). Smiley Myanmar is released under the property of MountMandalay and it is developed by Me and designed by My brother, Myo Han Htun.

    Smiley Myanmar

    Installation Wirelessly

    • Open up your BlackBerry browsers and browse the following url
      http://mountmandalay.net/downloads/bb/
    • Download the latest (MMDictionary 0.9.2.480)
    • Allow and set permissions if your BlackBerry device asks you.

    Download via BlackBerry Desktop Software

    If you need application loader file to install through BlackBerry Desktop Software, please download here.

    Using Smiley Myanmar

    • Once you have installed, you can find it under downloads or applications folder.
    • Open it for the first time. When you see the first screen, press BlackBerry menu.
    • Click ‘Setting’, then you will see next screen.
    • In next screen, click ‘Install’ to install Zawgyi Font.
    • Back to previous screen.
    • Type something you want to look up.
    • *** You must have BlackBerry Internet plan or Wi-Fi turn on to use this app.

    Supported Devices and OS

    • BlackBerry OS 5 and OS 6
    • 480 x 360 pixels
    • BlackBerry 8900 (OS 5)
    • BlackBerry 9630 (OS 5)
    • BlackBerry 9650
    • BlackBerry 9700
    • BlackBerry 9780

    Contact Us

    If you have any questions, you can contact us through: