Category: Thoughts
-
Social Networking and People these days
တစ်ရက်က Gymက အပြန်မှာ ဒီမှာရှိတဲ့ ဆရာတစ်ယောက်ရဲ့ သားလေး ဘောလုံးဆော့နေတာကို မြင်တော့ သူနဲ့ အတူတူ ကစားလိုက်သေးတယ်။ အဲ့ဒိကလေးက သုံးနှစ်ပြည့်ကာစလေးရှိသေးတယ်။ နောက် ဖုံးထုတ်ပြီး သူနဲ့ အတူတူ ဓါတ်ပုံရိုက်ပြီး အဲဒိကလေးဆီက ပြောလိုက်တဲ့ စကားကို ကြားတော့ တော်တော်အံ့သြသွားတယ်။ ကလေးပြောလိုက်တဲ့ စကားက ဒါပြီးရင် facebook ပေါ်တင်မှာလားတဲ့။ သူနဲ့ ခဏလောက်နေပြီး ညစာစားဖို့ လမ်းဘေးပလက်ဖောင်းမှာ ဖွင့်တဲ့ ဆိုင်တွေဘက် လမ်းဆက်လျှောက်ဖြစ်ခဲ့တယ်။ ထူးခြားမှုတစ်ခုတော့ မဟုတ်ပေမယ့် သတိထားမိတဲ့ အချက်တစ်ခုသွားတွေ့တယ်။ ထမင်းစား စားပွဲတွေမှာ အတွဲတွေ၊ သူငယ်ချင်း အုပ်စုလိုက်တွေ၊ မိသားစုတွေ တော်တော်များများ လက်ထဲမှာ ရှိတဲ့ blackberry, iphone, ipad တွေ ကိုယ်စီသုံးပြီး တစ်ယောက်နဲ့ တစ်ယောက်…
-
unfinished tasks
Programming လေ့လာနေတုန်း လုပ်ဖြစ်ခဲ့တာတွေက commercial ထုတ်ထားတဲ့ software ဖြစ်ဖြစ် web application တွေကို inspire ဖြစ်ပြီး ရေးခဲ့တာပါပဲ။ English Myanmar Typing Tutor ကို ၂၀၀၁ ဝန်းကျင်လောက်က ထုတ်ဖြစ်တယ်။ ၂၀၀၅ လောက်က social network (အဲ့ဒိတုန်းက friendster က တော်တော်လေး ဟော့ဖြစ်နေတဲ့အချိန်) လိုမျိုး တစ်ခုရေးဖြစ်ခဲ့တယ်။ နောက်ပိုင်း CMS အသေးစားလေးတွေ ရေးဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်က blogging Engine တစ်ခုကို လုပ်ဖြစ်ခဲ့သေးတယ်။ အဲဒိလိုရေးဖြစ်ခဲ့တဲ့အထဲမှာ သဘောကျမိတာက Basecamp လို Project management ကို ကိုယ့်ဘာသာပြန်ရေးဖြစ်တာပါပဲ။ အဲဒိလိုတွေရေးဖြစ်ပေမယ့် အခုနောက်ပိုင်းမှာ အပြီးသတ်လက်စ မသတ်နိုင်ခဲ့ဘူး။ full…