Integrating Facebook API with CodeIgniter

ကျွန်တော်တို့ Facebook API ကို authentication အနေနဲ့ဖြစ်ဖြစ် status update တို့လုပ်ဖို့ပဲဖြစ်ဖြစ် သုံးလေ့ရှိပါတယ်။ တစ်ရက်က CodeIgniter နဲ့ app တစ်ခုရေးနေရင်းက Facebook API နဲ့ပါသုံးဖို့ လိုလာတော့ အွန်လိုင်းမှာ လိုက်ရှာကြည့်ရင်းကနေ တစ်ချို့ ဘလော့ဂ်တွေက ဘယ်လိုလုပ်ရမယ်ဆိုတာ သေချာရှင်းထားတာ သွားတွေ့တယ်။ ပုံမှန် Facebook API ကို PHP မှာ require သို့မဟုတ်လဲ include သုံးပြီးရေးလေ့ရှိပေမယ့် CodeIgniter လို framework မှာ သုံးရင် အဲဒိလိုရေးတာက သိပ်အထာတော့ မကျဘူး။ အဲဒါနဲ့ပဲ ရှင်းပြထားတဲ့ အတိုင်းလုပ်ဖြစ်တယ်။

facebook codeigniter

ပထမ လိုအပ်ချက်က Facebook API (PHP) ကို အရင် download လုပ်ပါ။ Facebook API မှာ ပါလာတဲ့ file သုံးခု facebook.php, base_facebook.php, fb_ca_chain_bundle.crt ကို application/libraries ထဲထည့်ပါ။ နောက် application/config folder မှာ facebook.php ဆိုပြီး file အသစ်တစ်ခုလုပ်လိုက်ပါ။ အဲဒိ facebook.php မှာ အောက်က ကုဒ်ရေးပါ။

facebook.php under application/config

<?php  if ( ! defined('BASEPATH')) exit('No direct script access allowed');

$config['appId']  = ''; /* your facebook app ID */
$config['secret'] = ''; /* your facebook app secret code */

Loading Facebook library from Controller

ကိုယ်သုံးမယ့် Controller မှာ facebook library ကိုသုံးရင် CodeIgniter မှာ library တွေကို ခေါ်သလို

$this->load->library('Facebook', $config);

Autoloading

Controller တိုင်းမှာ ခဏခဏ သုံးနေမယ်ဆိုရင်တော့ autoload.php မှာ  အောက်ကအတိုင်း ရေးလိုက်ရုံပါပဲ။

$autoload['libraries'] = array('facebook');