Social Networking and People these days

Written by

in

တစ်ရက်က Gymက အပြန်မှာ ဒီမှာရှိတဲ့ ဆရာတစ်ယောက်ရဲ့ သားလေး ဘောလုံးဆော့နေတာကို မြင်တော့ သူနဲ့ အတူတူ ကစားလိုက်သေးတယ်။ အဲ့ဒိကလေးက သုံးနှစ်ပြည့်ကာစလေးရှိသေးတယ်။ နောက် ဖုံးထုတ်ပြီး သူနဲ့ အတူတူ ဓါတ်ပုံရိုက်ပြီး အဲဒိကလေးဆီက ပြောလိုက်တဲ့ စကားကို ကြားတော့ တော်တော်အံ့သြသွားတယ်။ ကလေးပြောလိုက်တဲ့ စကားက ဒါပြီးရင် facebook ပေါ်တင်မှာလားတဲ့။

သူနဲ့ ခဏလောက်နေပြီး ညစာစားဖို့ လမ်းဘေးပလက်ဖောင်းမှာ ဖွင့်တဲ့ ဆိုင်တွေဘက် လမ်းဆက်လျှောက်ဖြစ်ခဲ့တယ်။ ထူးခြားမှုတစ်ခုတော့ မဟုတ်ပေမယ့် သတိထားမိတဲ့ အချက်တစ်ခုသွားတွေ့တယ်။ ထမင်းစား စားပွဲတွေမှာ အတွဲတွေ၊ သူငယ်ချင်း အုပ်စုလိုက်တွေ၊ မိသားစုတွေ တော်တော်များများ လက်ထဲမှာ ရှိတဲ့ blackberry, iphone, ipad တွေ ကိုယ်စီသုံးပြီး တစ်ယောက်နဲ့ တစ်ယောက် စကားမပြောကြတာ တွေ့ဖြစ်လိုက်တယ်။ ပြုံးမိတာ တစ်ခုက ကောင်လေးတစ်ယောက်က iphone နဲ့ facebook သုံးနေတာကို သူ့ကောင်မလေးက မေးထောက်ပြီး ထိုင်ကြည့်နေတာပဲ။

နည်းပညာတွေ တိုးတက်လာတယ်၊ ဆက်သွယ်မှုတွေ လွယ်ကူလာတယ် ဆိုပေမယ့် အခုအချိန်တွေမှာ online အသုံးပြုတာကို တတ်နိုင်သလောက် ရှောင်နိုင်ရင် ကောင်းမယ်လို့ ထင်မိတာပဲ။

Comments

2 responses to “Social Networking and People these days”

  1. HAN Avatar
    HAN

    how to do 2 columns in post?