Tag: CSS

  • Multi-Column

    Multi-Column

    Multi-Column  ကို CSS အကြောင်းရေးတဲ့ ဆိုဒ်တွေမှာ တွေ့ဖူးတာတော့ကြာပြီ။ Multi-Column ဆိုတာက W3C အတည်မပြုရသေးတဲ့ CSS feature တစ်ခုပါ။ သတင်းစာတွေမှာ မြင်တွေ့နေရသလို စာတွေကို အလိုလျောက် ကော်လံခွဲပြီး အစီအစဉ်တကျ ဖေါ်ပြပေးသွားတာပါ။ နောက်ပိုင်း modern browser တွေဖြစ်တဲ့ firefox, chrome, opera, safari တို့မှာ prefix တွေသုံးပြီးရေးထားရင် browser က ကိုယ်သတ်မှတ်ပေးထားသလို စာတွေကို ကော်လံတွေခွဲပြီး ဖော်ပြပေးပါတယ်။ Multi-Column မှာ column-count, column-gap, column-rule ဆိုပြီး ရှိပါတယ်။ column-count column ဘယ်နှစ်ခု ခွဲမယ်ဆိုတာကို ပြောပေးရတာပါ။ နှစ်ခု သုံးခုခွဲမယ်ဆိုရင် အောက်ကပုံစံအတိုင်းရေးပေးရပါတယ်။ အတည်မပြုရသေးတော့ prefix တွေထည့်ရေးရပါတယ်။…